Wednesday, March 19, 2014
ပန်းလေပြေနဲ့အတူ
လရောင်လင်းလက်လို့
ကြယ်တွေ အပြင်ထွက်တဲ့ညမှာ
ပန်းရနံ့ကို သယ်လာတဲ့
လေညင်း
ရင်ခွင်ကို ဖောက်ထွင်းသွားတယ်.........။
ဓားတစ်လက်နဲ့ စစ်ထွက်တဲ့
သူရဲကောင်းတစ်ယောက်
အသက်လောက်ချစ်ရသူကို
မျှော်တွေးရင် လွမ်းရသလို
နုံးချိမောဟိုက်
ဘ၀လေကြမ်းတွေ တိုက်နေလိုက်တာ...........။
လက်ချင်းတွဲပြီး
ဘ၀တိုက်ပွဲဝင်ချင်ခဲ့သူအတွက်
မျှော်လင့်ရင်းအသက်ဆက်
ငါအတွက်တော့
ဖျတ်ခနဲ တိုက်တဲ့လေပြေညင်းမှာ
ပန်းသတင်းတွေ ပါမှန်းသိတယ်......။
မက်ချင်တဲ့ အိပ်မက်တစ်ခုကို
ကဗျာနဲ့တည်ဆောက်ရင်း
သွေးအသက်တွေ ခမ်းခြောက်
မောပန်းမှုတွေ ရောက်နေပါစေ
အဝေးတနေရာက ချစ်သူ့သတင်း
ပန်းလေပြေ ဆောင်လို့နှင်း
ချစ်ခြင်းများ ပျံ့ဝေ
အားမာန်များ တိုးစေသား............။
ရာစုသစ်(AK)
Subscribe to:
Post Comments (Atom)
Code by Haakblog









No comments:
Post a Comment
♣♣♣ ရိုင်းစိုင်းသော မှတ်ချက်စကားများအား ပယ်ဖျက်သွားပါမည် ♣♣♣